WBC ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံတွေ ဖြစ်ကြတဲ့ တိုင်ဆန်ဖျူရီနဲ့ ဖရန့်စစ်အန်ဂါနူးတို့ အောက်တိုဘာ ၂၈ ရက်၊ စနေနေ့မှာ ယှဉ်ပြိုင်ထိုးသတ်သွားဖို့ရှိနေပါတယ်။
လက်ဝှေ့ပွဲစဉ်မတိုင်ခင် အကြိုတွေ့ဆုံမှုတရပ်ကို အောက်တိုဘာလ ၂၆ ရက်က ဆော်ဒီနိုင်ငံမြို့တော် ရီယာ့ဒ်မှာ ပြုလုပ်ခဲ့ပြီး ဒီပွဲဟာ သရုပ်ပြပွဲ မဟုတ်ကြောင်း ပြောဆိုခဲ့ကြပြီး မတူညီတဲ့ချန်ပီယံ ၂ ဦးကြားက ဒီစိန်ခေါ်ပွဲမှာ ၃ မိနစ်ကြာ ၁၀ ချီအပါအဝင် ဒိုင်လူကြီးတွေရဲ့ အမှတ်ပေးစနစ်နဲ့ အတူ အနိုင်အရှုံးဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
ဟဲဗီးဝိတ်ခါးပတ် ပေါင်းစည်းပွဲအဖြစ် ဂျစ်ပစီကင်းလို့ သိထားကြတဲ့ ဖျူရီ ဟာ ယူကရိန်းနိုင်ငံသား အိုလက်ခ်ဆန်းဒါး အူဆိုက်ခ်နဲ့လည်း ရင်ဆိုင်သွားရဖို့ ရှိနေပါတယ်။
လွန်ခဲ့တဲ့ ၁၀ လတုန်းက ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် ဖျူရီ အနေနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီးနောက် အနားယူနေခဲ့တာဖြစ်သလို အန်ဂါနူးရဲ့ နောက်ဆုံးပွဲစဉ်ကလည်း ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ပြုလုပ်ခဲ့တာပါ။
အခုလို ပရိသတ်စိတ်ဝင်စားမှု အများအပြားရှိနေတဲ့ ဒီပွဲစဉ်ကို “Battle of the Baddest” လို့ အမည် ပေးထားပါတယ်။
Photo - Reuters