စီရော်နယ်ဒိုဟာ စနေနေ့က ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ဒန်မတ်ခ်နဲ့ပွဲစဉ်မှာ အယ်နာဆာ အသင်းအတွက် ဂိုးသွင်းယူခဲ့ပြီး ဒါဟာ ဒီနှစ်ဘောလုံးရာသီအတွင်း သူ့ရဲ့ ၁၁ ဂိုး သွင်းမြောက် သွင်းယူခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ အယ်နာဆာက အိမ်ကွင်းမှာ ဒန်မတ်ခ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ကင်မရွန်းလက်ရွေးစင် အန်ကိုဒူက ပထမပိုင်းမှာ ဒန်မတ်ခ်အသင်းအတွက် အဖွင့်ဂိုး သွင်းယူခဲ့ပေမဲ့ အယ်နာဆာအသင်းက ဒုတိယပိုင်းမှာ ဖရီးကစ် ကန်ချက်ကနေ အန်ဒါဆန် တယ်လစ်စကာက ချေပဂိုး သွင်းယူခဲ့ပြီး အနိုင်ဂိုးကိုလည်း ဖရီးကစ်ကန်ချက်ကနေ ရော်နယ်ဒိုက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် အယ်နာဆာ အသင်းဟာ ဆော်ဒီပရိုလိဂ်ရဲ့ အဆင့် ၃ နေရာကို တက်လှမ်းသွားပါတယ်။
Source/Photo-Reuters