မနေ့ညက ကစားခဲ့တဲ့ ဖူဟမ်နဲ့ပွဲစဉ်မှာ ခြေကျင်းဝတ် အရိုးကျိုးသွားခဲ့တဲ့ ရှက်ဖီးလ်နောက်ခံလူ ခရစ္စ ဘက်ရှန်ဟာ အရေးပေါ်ဆေးရုံတင်ပို့ခဲ့ရပါတယ်။
အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လာခဲ့တဲ့ အင်္ဂလန် နောက်ခံလူဟာ ပွဲချိန် ၂၃ မိနစ်မှာ ကွင်းညာဘက်ခြမ်း စည်းပေါ်ကနေ ပြိုင်ဘက်နောက်ခံလူနဲ့ အပြိုင် ညာခြေနဲ့ ဘောလုံးကန်တင်ခဲ့ရာမှာ တည်ခြေထောက်ခေါက်သွားပြီး ဘယ်ဘက်ခြေကျင်း ဝတ်ရိုး ကျိုးသွားခဲ့တာပါ။
ရုပ်သံပြကွက်တွေအရ အလွန်ဆိုးရွားတဲ့ဒဏ်ရာရမှုဖြစ်ခဲ့ပြီး နှစ်ဖက် အသင်း ဆေးအဖွဲ့ဝင်တွေက ဝိုင်းဝန်းကုသပြီး အရေးပေါ်ဆေးရုံတင်ပို့ခဲ့ရတာပါ။
အောက်ဆီဂျင်လည်းပေးခဲ့ရပြီး ကွင်းထဲကနေ အထွက်မှာ နှစ်ဖက်ပရိသတ်တွေက လက်ခုပ်တီးပြီး အားပေးခဲ့ကြပါတယ်။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ခရစ္စဘက်ရှန်ဟာ ၂၀၁၄ ခုနှစ်ကတည်းက ရှက်ဖီးလ်အသင်းမှာ ကစားနေတာဖြစ်ပြီး ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။
Photo-Reuters