Home
အားကစား
ထိပ်ဆုံးရောက်ချင်ပါက လောကဓံတရားကို ခံနိုင်ရန်လိုအပ်ဟု မန်ယူနောက်ခံလူ အီဗန်စ် ပြော
DVB
·
September 26, 2023
0

အသင်းတစ်သင်းအနေနဲ့ ထိပ်ဆုံးကိုရောက်ချင်တယ်ဆိုရင် လောကဓံတရားတွေကို ခံနိုင်ဖို့လိုအပ်တယ်လို့ မန်ယူနောက်ခံလူ ဂျွန်နီအီဗန်စ်က ပြောသွားပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ရပြီးနောက် ပြီးခဲ့တဲ့တစ်ပတ်က ဘန်လေအသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲ ပြန်ရခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ အီဗန်စ်က ပွဲထွက်ခွင့်ရခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ အနိုင်ဂိုးအတွက် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာပါ။

နည်းပြတန်ဟတ်ဂ်ဟာ ကောင်းမွန်တဲ့အရာတွေကို လုပ်ဆောင်နေပြီး ထိပ်ဆုံးကို ပြန်ရောက်ဖို့ဆိုရင် အနိမ့်၊ အမြင့်၊ အတက်အကျ လောကဓံတရားတွေကို ခံနိုင်ရည်ရှိဖို့ လိုအပ်ကြောင်း အီဗန်စ်ကပြောပါတယ်။

“ထိပ်ဆုံးရောက်ဖို့ဆိုရင် အနိမ့်အမြင့် အတက်အကျတွေ ရှိစမြဲပါပဲ။ နောက်ဆက်တွဲ ပြဿနာတွေကို ကျော်လွှားနိုင်ဖို့လိုအပ်ပြီး မန်ချက်စတာယူနိုက်တက်က နှစ်သက်စရာကောင်းတဲ့ အသင်းဖြစ်ပြီး အမြဲတမ်းပဲ ထိပ်ဆုံးနေရာအတွက် စိန်ခေါ်ချင်တဲ့အသင်းဖြစ်တယ်။ အသင်းနည်းပြကလည်း ကောင်းမွန်တဲ့အရာတွေ လုပ်ဆောင်နေပါတယ်။”

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အီဗန်ဟာ မန်ယူနိုက်တက် အသင်းမှာ ၈ နှစ်လောက် ကစားခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံ သုံးကြိမ်နဲ့ ချန်ပီယံလိဂ် ဆုဖလားတစ်လုံး ရယူနိုင်ခဲ့ပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024