ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံ ၇ ဆုရှင် လူးဝစ်ဟာမီလ်တန်ဟာ ၂ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ် အတွက် မာစီဒီးစ်အသင်းနဲ့ သဘောတူညီမှုရရှိသွားပါတယ်။
ဒါ့အပြင် ဟာမီတန်လ်ဟာ သူရဲ့ တနိုင်ငံတည်းသား အသင်းဖော်ဖြစ်တဲ့ ဂျော့ချ် ရပ်ဆဲလ်နဲ့အတူ ၂၀၂၄ ၊ ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ သြဂုတ် ၃၁ ရက်မှာ အသင်းအနေနဲ့ အတည်ပြုပါတယ်။
ဒီစာချုပ်အရ ဟာမီလ်တန်အတွက် တစ်နှစ်ကို ပေါင်သန်း ၅၀ အထိ ပေးချေရနိုင်တယ်လို့ မီဒီယာတွေမှာဖော်ပြထားပေမယ့် ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ခဲ့ခြင်းတော့ မရှိပါဘူး။
၂၀၂၁ ခုနှစ်မှာ အသက် ၃၈ နှစ်အရွယ် ဗြိတိန်နိုင်ငံသားက ရတ်ဘူးလ်အသင်းနဲ့အတူ ပြိုင်ပွဲတခုအတွင်း နောက်ဆုံးအနိုင်ရရှိထားတာ ဖြစ်ပါတယ်။
မာစီဒီးစ်အသင်းရဲ့ ၈ ကြိမ်ဆက်တိုက် ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နိုင်မှုကို အဆုံးသတ်ခဲ့ပြီးနောက် နှစ်ထပ်ကွမ်း ကမ္ဘာ့ချန်ပီယံ မက်စ်ဗာစတာ့ပန်က လက်ရှိအချိန်မှာ လွှမ်းမိုးထားပါတယ်။
အအောင်မြင်ဆုံးသော ကားမောင်း သမားဖြစ်တဲ့ ဟာမီလ်တန်ဟာ မက်ကလယ်ရန်ကနေ မာစီးဒီးစ်အသင်းကို ၂၀၁၃ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့ တာပါ။
ဒါ့အပြင် ဟာမီလ်တန်ရဲ့ ပြိုင်ပွဲဝင်အောင်မြင်မှု ၁၀၃ ကြိမ်မှာ ၈၂ ကြိမ်က မာစီးဒီးစ်အသင်းနဲ့ ရယူနိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံဆု ၆ ခုအထိ ရရှိထားပါတယ်။
Source/Photo-Reuters