ငွေကြေးဖောင်းပွမှုနှုန်း ၁၁၆ ရာခိုင်နှုန်းအထိ မြင့်တက်နေလို့ မငြိမ်သက်မှုတွေ တိုးလာနေတဲ့ အာဂျင်တီးနားနိုင်ငံရဲ့မြို့တွေ အတော်များများမှာ လွန်ခဲ့တဲ့ သုံးရက်အတွင်း လုယက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
သြဂုတ် ၂၂ ရက်က လုယက်မှုဖြစ်အပြီး ဗျူးနော့စ်အေးရီးစ်မြို့ကနေ ၂၂ မိုင်ဝေးတဲ့ မိုရေနိုမြို့က စူပါမားကက်တခုရဲ့ ကြမ်းပြင်ပေါ်မှာ စင်တွေ၊ အစားအသောက်တွေ ဖျက်ဆီးခံခဲ့ရလို့ အမှိုက်တွေပွနေတာကို ဒေသတွင်း ရုပ်မြင်သံကြားဌာနတခုရဲ့ ဗီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
ဗျူးနော့စ်အေးရီးစ်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ အင်္ဂါနေ့မွန်းလွဲပိုင်းက လုယက် ဓားပြတိုက်ဖို့ ကြိုးပမ်းမှုအတွင်း လူ ၅၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
သီတင်းပတ်ကုန်ရက်မှာ ကော်ဒိုဘာ၊ မန်ဒိုဇာနဲ့ နယူးကွင်းမြို့တို့မှာ လုယက်နေတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
Source - Reuters