၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်တွေကို ဩဂုတ် ၅ ရက် ဒီကနေ့မှာ စတင်ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။
ဒီနေ့မယ့် စပိန်နဲ့ ဆွစ်ဇာလန်ပွဲစဉ်ကို နယူးဇီလန်နိုင်ငံ အော်ကလန်မြို့မှာ ကျင်းပမှာဖြစ်ပြီး ဂျပန်နဲ့ နော်ဝေတို့ပွဲစဉ်ကတော့ ၀ဲလင်တန်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဩဂုတ် ၆ ရက်၊ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာတော့ ရှုံးထွက်ပွဲစဉ်တွေအဖြစ် နယ်သာလန်နဲ့ တောင်အာဖရိက ၊ ဆွီဒင်နဲ့ အမေရိကန်၊ ဩစတြေးလျနဲ့ ဒိန်းမတ်၊ ပြင်သစ်နဲ့ မော်ရိုကို၊ အင်္ဂလန်နဲ့ နိုင်ဂျီးယီးယား၊ ကိုလီဘီယာနဲ့ ဂျမေကာအသင်းတို့ အသီးသီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်တွေကိုတော့ ဩစတြေးလျနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပမှာ ဖြစ်ပါတယ်။
ဩဂုတ် ၂၀ ရက်နေ့ ဗိုလ်လုပွဲစဉ်ကိုလည်း အိမ်ရှင် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။
Source-Reuters