ဖလားကိုင်မြှောက်နေတဲ့ နည်းပြဟောင်းအာဆင်ဝင်းဂါးရဲ့ကြေးရုပ်တုကို အိမ်ကွင်းအီမရိတ်မှာ အာဆင်နယ်အသင်းက စိုက်ထူခဲ့ပါတယ်။
ပြင်သစ်နည်းပြကြီးဟာ ၁၉၉၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် အထိ ၂၂ နှစ်ကြာ အာဆင်နယ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တာပါ။
ဝင်းဂါးဟာ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ သုံးကြိမ်၊ အက်ဖ်အေဖလား ၇ ကြိမ်ရရှိအောင်စွမ်းဆောင်ခဲ့ပြီး အာဆင်နယ်အသင်းက ဂန္ထဝင်နည်းပြတစ်ဦးအနေနဲ့ ကွင်းထဲမှာရုပ်တုစိုက်ထူပြီး ဂုဏ်ပြုခဲ့တာပါ။
အာဆင်ဝင်းဂါးရဲ့ ကြေးရုပ်တုဟာ ၃ မီတာခွဲ အမြင့်ရှိပြီး ပရီးမီးယာလိဂ်ချန်ပီယံဆုဖလားကို ကိုင်မြှောက်နေတဲ့ဟန် ထုလုပ်ထားတာပါ။
နည်းပြအာဆင်ဝင်းဂါးရဲ့ ထူးချွန်တဲ့ဦးဆောင်မှုနဲ့ အသင်းရဲ့ နည်းပြဘဝကို အသိအမှတ်ပြုပြီး ဂုဏ်ပြုနိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက်မိကြောင်း အာဆင်နယ်အသင်းဒုတိယ ဥက္ကဋ္ဌတင်လူးဝစ်က ပြောပါတယ်။
အာဆင်ဝင်းဂါးဟာ ဗုဒ္ဓဟူးနေ့မှာကစားမယ့် မိုနာကိုအသင်းနဲ့ အီမရိတ်ဖလားမှာ ဂုဏ်ပြုဧည့်သည်တော်အနေနဲ့ လာရောက်ကြည့်ရှုမှာဖြစ်ပြီး ကြေးရုပ်တုကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။