ပီရူးနိုင်ငံမြို့တော် လီမာ မှာ ဇူလိုင် ၂၂ ရက်က လက်ရှိသမ္မတ ဒီနာ ဘိုလူအာတေး အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့နဲ့အဓိကရုဏ်း ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေဟာ ပလာဇာ ဆန်မာတင် ရင်ပြင်ထဲကို ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အဓိကရုဏ်းနှိမ်းနင်းရေး ရဲအရာရှိတွေရဲ့ တာဆီးမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ဒီလိုမျိုး ဝတ်စုံပြည့်နဲ့ရဲတပ်ဖွဲ့ဟာ အကာအကွယ်ဒိုင်းတွေအပြင် မျက်ရည်ယိုဗုံးတွေပါ ကိုင်ဆောင်ထားတာကို တွေ့ရပါတယ်။
ပီရူးသမ္မတ ဘိုလူအာတေးကို ဖယ်ရှားနိုင်ဖို့အပါအဝင် ရွေးကောက်ပွဲ စောစောစီးစီး ကျင်းပနိုင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ပြဌာန်းနိုင်ရေးနဲ့ လက်ယာယိမ်း ကွန်ဂရက်လွှတ်တော်ကို ဖျက်သိမ်းနိုင်ရေးစတဲ့ အချက်တွေနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက လမ်းတွေပေါ်တက်ရင်း တောင်းဆိုခဲ့ကြတာပါ။
ဒါ့အပြင် ဘိုလူအာတေး နဲ့ မဟာမိတ်တွေဟာ လက်ဝဲယိမ်း သမ္မတဟောင်း ပီဒရို ကတ်စတီလို ကို သူရဲ့ ရာထူးကနေ တရားမဝင်ဖယ်ရှားကာ ထောင်သွင်းအကျဉ်းခဲ့တယ် ဆိုပြီး စွပ်စွဲခံထားရပါတယ်။
ဒီဖြစ်ရပ်အပေါ်မှာ ဒေါသတကြီး တုံ့ပြန်ခဲ့ကြတဲ့ ပြီးခဲ့တဲ့မတ်လက အပြင်းအထန် ဆန္ဒပြမှုတွေအတွင်း လူပေါင်း ၆၇ ယောက် အထိ သေဆုံးခဲ့ရပါ တယ်။
Source-Reuters