Home
မြန်မာသတင်း
ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့က ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်း
DVB
·
July 10, 2023
358375198_1388000585093239_3492297226217597326_n

ရှမ်းတောင်အခြေစိုက် ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ (JPRF)က ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်းပြီး စစ်အာဏာရှင်ကို တော်လှန်သွားမယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

"အခုက ဘယ်အဆင့်အထိလဲဆိုရင် ကိုယ်ပိုင် mission တွေ လုပ်နိုင်နေပြီဆိုတဲ့အဆင့်ပေါ့။ အကန့် အသတ်တော့မရှိဘူး၊ လိုအပ်ရင်လိုအပ်သလို အဆင့်တွေ မြှင့်တင်သွားဖို့ရှိတယ်။"

ဒရုန်းတပ်ဖွဲ့ဖွဲ့စည်းဖို့အတွက် အချိန်ကာလ ၈ လကျော် ယူခဲ့ရပြီး အခက်အခဲများစွာကို ကျော်​ဖြတ်ကာ တည်ဆောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

JPRF အနေနဲ့ ဒရုန်းနဲ့ဆက်နွှယ်တဲ့ နည်းပညာတွေဖြစ်တဲ့ တပ်ဆင်တာ၊ ကင်းထောက်တာ၊ မောင်းနှင်တာ၊ စစ်ဆင်ရေးနည်းပညာ၊ မြေပြင်နဲ့ဝေဟင်ချေမှုန်းရေး နည်းပညာတွေကို စနစ်တကျ သင်ကြားပို့ချတဲ့ သင်တန်းတွေအပြင် ရှေ့တန်းမှာလည်း အတွေ့အကြုံတွေ အများကြီးရရှိခဲ့အတွက် မြေပြင်ကော ဝေဟင်ကော တိုးမြှင့်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

T2S2 တပ်ဖွဲ့၊ KNDF -UAVနဲ့ SSLRU တပ်ပေါင်းစုတို့ရဲ့ နည်းပညာပိုင်းဆိုင်ရာနဲ့ ရှေ့တန်းအတွေ့အကြုံတွေ ရရှိနိုင်အောင် ကူညီပေးမှုကြောင့် အခုလိုဖွဲ့စည်းနိုင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် JPRF အနေနဲ့ စစ်အာဏာရှင်ကိုအမြစ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက် ထိရောက်တဲ့ နည်းပညာ တွေကို ဆက်လက်လေ့လာသင်ယူပြီး တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။

JPRF တပ်ဖွဲ့က ရွာငံမြို့အတွင်း မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေများစွာ ပြုလုပ်ခဲ့ပြီး အခုချိန်မှာ မြေပြင်တိုက်ပွဲတွေကို ပါဝင်နေတဲ့အပြင် ဝေဟင်ကနေပါ ဆက်လက်တော်လှန်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024