စပိန်နိုင်ငံ ပမ်ပလိုနာမြို့မှာ တပတ်တာ ကျင်းပနေတဲ့ ဆန်ဖယ်မင်း နွားရိုင်းလွှတ် ပြေးပွဲရဲ့ တတိယမြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၉ ရက်က နောက်ထပ် ဒဏ်ရာရရှိသူ ၃ ယောက် ထပ်တိုးလာတယ်လို့ သိရပါတယ်။
ဒီပွဲတော်အတွင်း ဒဏ်ရာရရှိခဲ့သူ ၃ ယောက်ကို ဆေးရုံပို့ဆောင်ပေးခဲ့ပြီး အဲ့ဒီထဲက ၁ဦးရဲ့ လက်မောင်းဟာ နွားရိုင်း ဦးချိုနဲ့ အဝှေ့ခံခဲ့ရတာ ဖြစ်တယ်လို့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ပြောပါတယ်။
နှစ်စဉ်နှစ်တိုင်း ကမ္ဘာတဝန်းထောင်နဲ့ ချီတဲ့ ခရီးသွားတွေဟာ ဒီလိုစိတ်လှုပ်ရှားဖွယ်ရာ နွားရိုင်း လွှတ်ပြေးပွဲကို ကြည့်ရှုနိုင်ဖို့အတွက် လာရောက်ကြလေ့ ရှိပါတယ်။
၈၇၅ မီတာအထိ ရှည်လျားတဲ့ ဒီပြေးလမ်းပေါ်မှာ နွားရိုင်းတွေကို လွှတ်ပေးရင်း ဒီပွဲတော်မှာ ပါဝင်သူတွေက ၂ မိနစ်ကနေ ၃ မိနစ်ကြာအောင် ပန်းတိုင်အထိ ပြေးလွှားရတာမျိုးပဲ ဖြစ်ပါတယ်။
ဒီပွဲတော်ကို ဇူလိုင် ၇ ရက်ကနေ ၁၄ ရက်နေ့အတွင်း နေ့စဉ်မနက် ၈ နာရီတိုင်းမှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်ဟာ အမေရိကန်စာရေး ဆရာကြီး ဟဲမင်းဝေးအနေနဲ့ ဒီပွဲတော်ကို ပထမဆုံးအကြိမ် လာရောက်ခဲ့တဲ့ နှစ်၁၀ဝပြည့် အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ၁၉၂၆ ခုနှစ်တုန်းက "The Sun Also Rises" လို့ အမည်ရတဲ့ ဟဲမင်းဝေးရဲ့ ဝတ္ထုစာအုပ်ထဲမှာ ဒီပွဲတော်အကြောင်း ထည့်သွင်းရေးသားခဲ့တာကြောင့် ကမ္ဘာတဝန်း လူသိ များလာခဲ့ပါတယ်။
Source-Reuters