နယူးကာဆယ်အသင်းရဲ့ ယုံကြည်စွာခေါ်ယူခဲ့မှုအပေါ် ကွင်းထဲမှာ ပြန်လည်ပေးဆပ်ကစားသွား မယ်လို့ အီတလီကွင်းလယ်လူ တိုနာလီက ပြောသွားပါတယ်။
တိုနာလီဟာ အီတလီကလပ် အေစီမီလန်ကနေ ပေါင် ၅၂ သန်းနဲ့ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး ၅နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ကစားသမားဘဝအတွက် ကြီးမားတဲ့အခွင့်အရေးပေးခဲ့တဲ့ နယူးကာဆယ်အသင်းကို ကျေဇူးတင်ပြီး ယုံကြည်စွာခေါ်ယူခဲ့တဲ့အပေါ် ကွင်းထဲမှာ ပြန်လည်ပေးဆပ်ကစား သွားမှာဖြစ်ကြောင်း စာချုပ်ချုပ်ဆိုအပြီးမှာ တိုနာလီကပြောပါတယ်။
အီတလီလက်ရွေးစင်အတွက် ၁၄ ပွဲကစားထားတဲ့ တိုနာလီဟာ အေစီမီလန်မှာ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၃ ခုနှစ်အထိကစားခဲ့ပြီး စုစုပေါင်းပွဲ ၁၃၀ မှာ ၇ ဂိုးသွင်းခဲ့ပါတယ်။
သူ့ရဲ့ ကစားဟန်ကောင်းမွန်မှုကြောင်း အီတလီ ဂန္ထဝင်ကစားသမားကြီး ပီယာလို လက်သစ်အဖြစ် ခိုင်းနှိုင်းချီးကျူးခံရသူ ဖြစ်ပါတယ်။