Home
နိုင်ငံတကာ
ကင်ညာယာဉ်တိုက်မှု ၄၈ ဦး သေဆုံး
DVB
·
July 2, 2023
181525-US-dollars-730x365

ကင်ညာနိုင်ငံအနောက်ပိုင်း လုံဒယာနီမြို့မှာ ဇွန် ၃၀ ရက် ညနေက သင်္ဘောကွန်တိန်နာ တင်ဆောင်လာတဲ့ ကုန်တင်ကားဟာ ရုတ်တရက် လမ်းကြောင်းချော်သွားပြီး ယာဉ်အများအပြားကို ဝင်တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၄၈ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ 

ပြည်တွင်းရုပ်သံလွှင့်ဌာနတွေက ပြသခဲ့တဲ့ မတော်တဆမှုရဲ့ နောက်ဆက်တွဲ ဗွီဒီယိုဖိုင်ထဲမှာ မီနီဘတ်စ်တွေ၊ ထရပ်ကားတွေ၊ ကားနဲ့ဆိုင်ကယ်တွေ အများအပြား ပျက်စီးနေတာကို တွေ့ရပါတယ်။ 

ယာဉ်မတော်တဆမှုကြောင့် သောကြာနေ့ညနေအထိ သေဆုံးသူ ၄၈ ဦးအထိ ရှိလာပြီလို့ ဒေသဆိုင်ရာရဲတပ်မှူး တွံမ် အိုဒီရာက ပြောပါတယ်။ 

ကုန်တင်ကားဟာ ယာဉ် ၆ စီးကျော်ကို ဝင်တိုက်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးသူ ၂၀ ကျော်ကို ဒေသတွင်း ဆေးရုံတွေကို ပို့ဆောင်ထားကြောင်း ကြက်ခြေနီအသင်းက ပြောပါတယ်။ 

လက်ရှိ မတော်တဆမှုက သေဆုံးသူဦးရေဟာ လတ်တလောနှစ်တွေအတွင်း ကင်ညာနိုင်ငံရဲ့ လမ်းတွေပေါ်မှာ လူသေဆုံးမှု အများဆုံး မတော်တဆမှုတခု ဖြစ်လာပါတယ်။ 

မနှစ်တုန်းက ကင်ညာနိုင်ငံ အလယ်ပိုင်းမှာ တံတားပေါ်မှဖြတ်တဲ့ ဘတ်စ်ကားတစီဟာ လမ်းချော်ပြီး မြစ်ချိုင့်ဝှမ်းထဲ ထိုးကျသွားလို့ လူ ၃၄ ဦး သေဆုံးခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024