အော်စကာဆုရ နာမည်ကြီးသရုပ်ဆောင် ကက်ဗင်စပေဆီဟာ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု စွဲချက်ပေါင်း တစ်ဒါဇင်နဲ့ အမှုရင်ဆိုင်ဖို့ ဇွန် ၃၀ ရက်က လန်ဒန်မြို့ရှိ တရားရုံးတစ်ခုကို ရောက်လာပါတယ်။
စပေဆီ အပေါ် တရားစွဲဆိုမှုကို သောကြာနေ့မှာ တရားဝင်စတင်ခဲ့ပြီး ဒီအမှု ရက်သတ္တပတ် ၄ ပတ် နီးပါးအထိ အချိန်ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။
စပေဆီအပေါ် အမှုဖွင့်ထားတဲ့ စွဲချက်တွေထဲမှာ မဖွယ်မရာပြုမှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို အကြိမ်ကြိမ် ကျူးလွန်ခဲ့တာမျိုး အပါအဝင် ပိုမိုပြင်းထန်တဲ့ ပြစ်မှုတစ်ခုဖြစ်တဲ့ တစ်ဖက်လူရဲ့ သဘောတူညီချက် မပါဘဲ လိင်ပိုင်ဆိုင်စော်ကားမှု ကိစ္စရပ်မှာ ပါဝင်ပတ်သက်မှုလည်း ပါဝင်ပါတယ်။
ဒီ တရားစွဲဆိုချက် အားလုံးကို စပေဆီဘက်က အပြစ်မရှိဘူးလို့ လျှောက်လဲထားပါတယ်။