ကယားပြည်နယ်(ကရင်နီ)မှာရှိတဲ့ စစ်ဘေးရှောင် ၂ သိန်းခွဲဟာ မိုးကာတဲတွေနဲ့ပဲ ဆောက်လုပ် နေထိုင်ရတဲ့အတွက် အခုလို မိုးသက်လေပြင်းတွေ ကျရောက်လာတဲ့ ရာသီအကူးအပြောင်းမှာ ပေါက်ပြဲကုန်လို့ မိုးကာတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူ Job for Kayah အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"ရာသီပြောင်းပြီဆိုတော့ နွေတုန်းက သုံးထားတဲ့ မိုးကာတွေက နေပူလိုက်မိုးရွာလိုက်ဆိုတော့ ဆွေးကုန်တာပေါ့။ မိုးကာက လပိုင်းလောက်ပဲခံတာဗျ၊မိုးသီးကျတုန်းကလဲ ပေါက်ပြဲကုန်တယ်"
မုန်တိုင်းကြောင့် မိုးရွာသွန်းတာနဲ့ လေတိုက်တာတွေလည်း ရှိနေပြီး မိုးကာတဲတွေလန်တာနဲ့ ပေါက်ပြဲကုန်တာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မိုးရာသီကာလရောက်ခါနီးပြီဆိုတော့ နှာစေးချောင်းဆိုးနဲ့ ဝမ်းရောဂါတွေအတွက်လည်း ဆေးဝါးတွေ လိုအပ်လာတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတယောက်က ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးတွေ၊မိုးကာတွေနဲ့ စားနပ်ရိက္ခာတွေအပြင် တကိုယ်ရည်သုံး အသုံးအဆောင်တွေလည်း လိုအပ်နေတယ်လို့သိရပါတယ်။