ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေဖြစ်တဲ့ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်စတဲ့မြိုနယ်တွေက စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ ရရှိရေး အခက်ခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ပုံမှန်ရေသုံးစွဲနေတဲ့ စခန်းအနီးနားကရေကန်တွေဟာ အပူချိန်မြင့်မားလာတာ၊ ရေခမ်းခြောက်လာ တဲ့အတွက် သောက်သုံးရေအတွက် အခုလို အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာပါ။
စစ်ဘေးရှောင်စခန်းက ပြည်သူတွေဟာ သောက်သုံးရေရှိဖို့အတွက် ဝေးလံတဲ့နေရာအထိ ရေသွားရောက်ခပ်ယူနေရတဲ့အတွက် သက်ဆိုင်ရာကို အကူအညီတောင်းခံထားတယ်လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။
"အထက်ရွာက တကန်ပဲရတော့တယ်။ ကန်က ၂ ရက်မှာ တစ်ခါပဲဖွင့်တယ်။ ဒါတောင် ညနေ ၄ နာရီလောက်မှဖွင့်တာ။ ကန်ရေကလည်း သိပ်မသန့်ဘူး။ ခုလိုကြုံနေရတာ ၂ လလောက်ရှိလာပြီ။ ICRC ကိုတော့ ရေအခက်ခဲအတွက်အကူညီတောင်းထားပေမယ့် အကြောင်းပြန်မလာသေးဘူး။"
ရသေ့တောင်မြိုနယ်က လူဦးရေ ၁၀၀၀ ကျော်နေထိုင်တဲ့ စေတီပြင်စစ်ဘေးရှောင်စခန်းမှာတော့ ပေ ၁၀၀၀ လောက်အကွာအဝေးရှိတဲ့နေရာကနေ ICRC ရဲ့အထောက်ပံ့တချိုနဲ့ ရေသွယ်ယူ နေတာရှိတယ်လို စခန်းတွင်းနေထိုင်သူ တဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိစစ်ဘေးရှောင်အရေအတွက်ဟာ ၆ သောင်းကျော်ရှိပြီး ပြီးခဲ့တဲ့ နှစ်တွေကလို ရေလာရောက်လှူဒါန်းတာတွေ မရှိသလောက်နည်းပါးနေတယ်လို စစ်ဘေးရှောင် တွေဆီက သိရပါတယ်။