နယ်သာလန်အခြေစိုက် World Press Photo ဖောင်ဒေးရှင်းရဲ့ ၂၀၂၃ ခုနှစ်အတွက် နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲမှာ မြန်မာနိုင်ငံက လူငယ်ဓာတ်ပုံဆရာ မောက်ခမ်းဝါရိုက်ကူးထားတဲ့ ကရင်နီစစ်မြေပြင်မြင်ကွင်း ဓာတ်ပုံက အရှေ့တောင်အာရှနဲ့ အိုရှန်းနီးယားဒေသဆိုင်ရာဆု ရှိသွားပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီက မိုးဗြဲမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲမှာ အပြင်းအထန်ဒဏ်ရာတွေရလာတဲ့တပ်ဖွဲ့ဝင်တယောက်ကို PDF ရဲဘော်တယောက်က ထမ်းခေါ်လာစဉ် ကရင်နီလူငယ်ဓာတ်ပုံဆရာ မောက်ခမ်းဝါက မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။
Photo Credit- Mauk Kham Wah/ World Press Photo