Home
မြန်မာသတင်း
ရခိုင်သင်္ကြန်ပွဲကို စစ်ကောင်စီနှင့် အေအေတို့ အပြိုင်အဆိုင်ကျင်းပရန်ပြင်ဆင်
DVB
·
March 25, 2023
337686166_596771499012405_3532236149855528514_n

၂၀၂၃ ခုနှစ် ဧပြီ ၁၃ ရက်နေ့ ကျရောက်မယ့် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို အထူးစည်ကားစွာကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေသလို ရက္ခိုင်တပ်တော်ဘက်ကလည်း သင်္ကြန်ပွဲအတွက် ပြင်ဆင်နေပါတယ်။

ပြည်နယ်မြို့တော် စစ်တွေအပြင်၊ သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မောင်တော မြို့တွေမှာ ဗဟိုမဏ္ဍပ်ဆောက်လုပ်ပြီး အထူးစည်ကားစွာကျင်းပဖို့ ညွှန်ကြားထားပြီး ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍပ်တွေအတွက် စစ်ကောင်စီက ငွေကြေးထောက်ပံ့ဖို့ရှိတယ်လို့ ပြည်နယ်စစ်ကောင်စီရုံး တာဝန်ရှိသူက ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်ကောင်စီရုံးတာဝန်ရှိသူတဦးက "ဗဟိုမဏ္ဍပ်တွေရှိမယ်။ လမ်းလျှောက် သင်္ကြန်တွေရှိမယ်၊ မီဇံရပ်ကွက်မှာကျင်းပမယ်။ ရခိုင်ရိုးရာသင်္ကြန်မဏ္ဍပ်တွေအတွက်တော့ သိန်း ၂၀၀ ဘတ်ဂျက်တင်ထားတယ်"လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ရက္ခိုင့်တပ်တော်(ULA/AA) က ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှာ ဦးဆောင်ကျင်းပခဲ့ပြီး မြောက်ဦးနဲ့ ကျောက်တော်ကြားရှိ ဇီးချောင်းသင်္ကြန်၊ လေးမြို့မြစ်မှာ ရေပါ်သင်္ကြန်ကို ပုံစံအသစ်ဖန်တီးကာ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို စည်စည်ကား ကားကျင်းပပေးခဲ့ပါတယ်။

အခုနှစ်မှာလည်း ဇီးချောင်းဆည်သင်္ကြန်ပွဲကို နာမည်ကြီးအဆိုတော်တွေနဲ့ အရင်နှစ်ကလို ဖျော်ဖြေရေးတွေနဲ့ အထူးစည်ကားစွာကျင်းပဖို့ ပြင်ဆင်ထားတယ်လို့ ပွဲကျင်းပရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

"ဇီချောင်းသင်္ကြန်ပွဲကိုဒီနှစ်လည်း အထူးစွာကျင်းပဖို့စီစဥ်ထားကြတယ်။ အဓိကပြည်သူတွေက ဒီပွဲကို  ကျင်းပစေချင်ကြတယ်။ ဇီးချောင်းသင်္ကြန်ဆို တစ်နှစ်တည်းနဲ့ နာမည်ကြီးသွားတာကို။ ပွဲကိုမနှစ်ကထက်ပိုပြီး စည်ကားဖြစ်အောင်လုပ်ဆောင်သွားမယ်"လို့ ဆိုပါတယ်။ 

ရခိုင်ပြည်နယ်မှ မြန်မာစစ်ကောင်စီစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ လူသားချင်းစာနာမှုဆိုင်ရာ အပတ်အခတ်ရပ်စဲရေးနားလည်မှုယူထားပြီး လက်ရှိ တိုက်ပွဲတွေ ငြိမ်သက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024