Home
မြန်မာသတင်း
"စက်ရုပ် တင့်ကား" ကို ကယားရဲဘော် တီထွင်
DVB
·
March 12, 2023
000000000

ကယားပြည်နယ်မှ ရဲဘော်ဟောင်းတဦးဟာ စက်ရုပ်တင့်ကားတစီးကို တီထွင်ထုတ်လုပ် လိုက်နိုင်ပြီလို့ သူ့ရဲ့ လူမှုကွန်ရက်ပေါ်ကနေ ဒီနေ့ မနက် Video နဲ့တကွ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ရှေ့တန်း မြေပြင်တိုက်ပွဲတွေမှာ ရဲဘော်တွေ အထိအခိုက် နည်းအောင် Battle ပွဲတွေမှာ တဖက်ကနေ ဒီလို robot တွေကို အသုံးချနိုင်အောင် လုပ်ဆောင်ခဲ့တာလို့ ထီထွင်သူ ရဲဘော်အုပ်ကြီးက ပြောပါတယ်။ 

"Bot Tank Sentry အမျိုးအစားမှာ Pilot နှစ်ယောက်‌ပါ၊ တယောက်က tank ကို မောင်းမယ်။ နောက်တယောက်က Trigger ပေါ့။”

ဒါကို ထီထွင်ဖို့ရာ အလှူငွေနည်းတာကြောင့် အချိန်ယူလုပ်ခဲ့ရပြီး ဒီဘက်ကို အားပေးတဲ့ အဖွဲ့အစည်းတခုခုကနေ ကူညီပေးတာမျိုးဆို ပိုကောင်းတယ်လို့ တော်လှန်ရေးရဲဘော်ဘဝကနေ နားပြီး နည်းပညာနယ်ပယ်မှာ ပြန်လုပ်နေတဲ့ ရဲဘော်အုပ်ကြီးက ပြောပါတယ်။  

“ကျနော်တို့က Team တခုအနေနဲ့လုပ်နေတယ်။ လူက ငါးယောက်ပဲ။ အဲဒီထဲမှာ ကျနော်က ဦးဆောင်းပေးပြီး နည်းပညာပိုင်း လုပ်ဆောင်နေပါတယ်။ ဒါတွေကိုလည်း တပ်ရင်း တပ်ဖွဲ့တွေ အနေနဲ့ ကိုယ့်တပ်ရင်း တပ်ဖွဲ့တွေမှာ  နည်းပညာပိုင်းတွေ ပိုပြီး အကောင်အထည်ဖော် ဆောင်ရွက်တာမျိုးတွေ လုပ်ဆောင်ရင် ပိုကောင်းတယ်။ လုပ်တော့ လုပ်နေကြတယ်။ နည်းပညာသမား နည်းတော့ အားနည်းချက်တွေ မြင်တွေရတယ်။ ကျနော်အနေနဲ့ ချိတ်ဆက်မှု ရှိလာရင်လည်း ပြန် sharing လုပ်သွားမှာပါ။”

စက်ရုပ် တင့်ကားရဲ့ ထီထွင်ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ ကျပ် ၃၅ သိန်းရှိပြီး  ပစ်ခတ်နိုင်စွမ်းက ပေ ၃၀၀ လောက်အထိ ရောက်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024