ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူလူထုတွေ့ဆုံ ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သယုကျိုး၊ နဘူးတံခွန်တိုင် ဒေသမှာ မတ်လ ၁၀ ရက်က ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA- PC) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီတွေ့ဆုံပွဲမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျာ်နီနဲ့ တာဝန်ရှိသူတွေ၊ KNU / KNLA-PC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောထော့လေး၊ DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်နဲ့ BGF ဘက်က အမှတ် (၂) တပ်နယ်မှူး ဗိုလ်မှူး စောကြာအင်းနဲ့ ဗိုလ်မှူးကြီး စောချစ်သူတို့ တက်ရောက်ခဲ့ကြပြီး ဒေသခံလူထုတွေရဲ့ မေးမြန်းချက်တွေကို တာဝန်ရှိသူတွေက ဖြေကြားခဲ့ကြပါတယ်။