Home
မြန်မာသတင်း
မြိတ်ကျွန်းစုဒေသတွင် သဘာဝငှက်သိုက် အရောင်းအဝယ်ကျဆင်း
DVB
·
March 4, 2023
329832139_1255897155001852_7018815023622163435_n

တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစုဒေသမှာ သဘာဝငှက်သိုက်ရောင်းဝယ်မှု သိသိသာသာ ကျဆင်းလာတယ်လို့ ငှက်သိုက်အရောင်းအဝယ် ပြုလုပ်နေတဲ့ ဒေသခံတွေက ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ကြမ်းဝယ်စျေးတက်လာသလို အာဏာမသိမ်းခင် အချိန်နဲ့ ယှဉ်လိုက်မယ်ဆိုရင်  ၃၀၊ ၄၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ ဒေသခံငှက်သိုက် အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက ပြောပါတယ်။  

သဘာဝငှက်သိုက်ကို  ကုန်ကြမ်းနဲ့ ကုန်ချောဆိုပြီး နှစ်မျိုးခွဲထားကာ အမွေးပါတဲ့ ငှက်သိုက်ကို ကုန်ကြမ်းလို့သတ်မှတ်ပြီး  အ‌မွေးနုတ် ပေါင်းပြီးအသင့်သောက်သုံးလို့ရတာကိုတော့ ကုန်ချောလို့ သတ်မှတ်ကာ အရည်သွေးပေါ်မူတည်ပြီး  Grade A,B,C ဆိုပြီး ပြန်လည်ခွဲထားတယ်လို့လည်း သိရပါတယ်။

ဒေသခံတစ်ဦးက “ငှက်သိုက်ဈေးက ထိုင်းငွေဈေးနဲ့လည်း ဆက်စပ်နေတော့ အာဏာမသိမ်းခင်က အညံ့ဆုံး  အမျိုးအစားကို ၁၀ သား တသိန်းကျော်ကျော်သာ ရှိခဲ့ပြီး အခုကတော့ သုံးသိန်းနီးပါးပေးနေရသလို အကောင်းဆုံးအမျိုးစားကလည်း တစ်ဆယ်သားကို ငါးသိန်းနီးပါးရှိနေတာကြောင့် ကျန်းမာရေး အတွက်သောက်ဖို့တောင် တော်တော်လေး စဉ်းစားနေရတယ်”လို့ ပြောပါတယ်။  

ဇီဝဇိုးငှက်သိုက်က ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် အလွန်အသုံးဝင်တဲ့ ဆေးဖက်ဝင် ပစ္စည်းဖြစ်ပြီ ပြည်တွင်းသာမက ပြည်ပကိုပါတင်ပို့နေရကာ မြန်မာနိုင်ငံမှာတော့ တနင်္သာရီတိုင်း တခုတည်းမှာပဲ ငှက်သိုက်လုပ်ငန်းကို အများအပြားလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024