မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းတံတားအလွန် မီးရထားလမ်းဘေးနေရာမှာ ဇန်နဝါရီ ၂၂ ရက် ည ၈ နာရီ ၃၅ မိနစ်က အသက် ၁၃ နှစ် အရွယ် ယောကျ်ားလေးတယောက် အသတ်ခံထားရတယ်လို့ မိသားစုနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။
သေဆုံးသူဟာ ဘယ်လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာနဲ့ ဦးခေါင်း ခုတ်ခံထိ ဒဏ်ရာတွေ ရရှိပြီး အလောင်းကိုတော့ သစ်ရွက်သစ်ကိုင်းတွေနဲ့ ဖုံးအုပ်ထားတာကို ဝွေ့ရတယ်လို့ သိရပါတယ်။
အဲဒီနေ့က မိဘတွေနဲ့အတူ လမိုင်းဘက်က ဥယျာဥ်ခြံလုပ်ငန်းတွေမှာ လုပ်ကိုင်ရင်း ရာဘာခြံမှာပဲ နေထိုင်စဉ် မွန်းတည့် ၁၂ နာရီလောက်မှာ ကလေးကို စတင် မတွေ့ရှိရတော့ဘဲ လိုက်ရှာရာက ညနေဘက် ၅ နာရီကျော်လောက်မှာ သေဆုံးနေတာကို မိသားစုဝင်တွေက စတင်တွေ့ရှိခဲ့တယ်လို့ မိသားစုနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။
အသတ်ခံထားရတဲ့ကလေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေကို မိဘတွေကအ ကြောင်းကြားခဲ့ရာ ဖြစ်စဥ်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သူတွေက ပြောပါတယ်။
တွေ့ရတဲ့ သေဆုံးကလေး အလောင်းကိုတော့ လမိုင်းမြို့ပြည်သူ့ဆေးရုံကို လူမှုကယ်ဆယ်ရေးသမားတွေက ပို့ဆောင်ထားခဲ့ပါတယ်။