အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ဦးကျော်ဇော်နဲ့ ဦးနေဘုန်းလတ်တို့ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် အရင်ခန့်အပ်တာဝန်ပေးထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်းတာဝန်တွေ များပြားတာကြောင့် ဦးကျော်ဇော် (နိုင်ငံတော်သမ္မတရုံး) နဲ့ ဦးနေဘုန်းလတ် (ဝန်ကြီးချုပ်ရုံး) တို့နှစ်ဦးကို ပြောင်းလဲခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ယာယီသမ္မတရဲ့ ဆောင်ရွက်ချက်တွေ၊ အစိုးရရဲ့မူဝါဒတွေနဲ့ သမ္မတရုံးနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ဦးစားပေး ထုတ်ဖော် ပြောကြားရမှာဖြစ်ပြီး ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့အတွင်း ဆောင်ရွက်ချက်တွေ၊ အစိုးရရဲ့မူဝါဒတွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ဦးစားပေး ထုတ်ဖော် ပြောကြားရမယ်လို့ ဆိုပါတယ်။
ကျန်တဲ့ဝန်ကြီးဌာနအသီးသီးရဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေဟာလည်း ဝန်ကြီးဌာနတွေနဲ့ သက်ဆိုင်တဲ့အကြောင်း အရာတွေအတွက် ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် တည်ရှိပြီးဖြစ်တယ် NUG ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။