စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ ဒီဇင်ဘာ ပထမပတ်အတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်မီးလောင်ခဲ့တဲ့ CDM တွေကို ကူညီထောက်ပံ့ဖို့ စာရင်းကောက်နေတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။
"ကျေးရွာတွေက မီးရှို့ဖျက်ဆီးခံရတဲ့အထဲက CDM တွေရဲ့ နေအိမ်များ မီးလောင် ပျက်စီးဆုံးရှုံးသွားခဲ့ပါက ကျေးရွာအလိုက် ဒီပဲယင်းမြို့နယ်ညီနောင်များ Page Chat Box သို့ ဆက်သွယ်ကာ စာရင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ မြေပြင်အဖွဲ့ကို ချိတ်ဆက်မှုရှိရင်လည်း စာရင်းပေးနိုင်ပါတယ်။"
ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အင်ပင်ကျေးရွာကို မနေ့ကပဲ ဝင်ရောက်ကာ မှတ်တမ်းယူခဲ့သလို ကျေးရွာရဲ့ ပျက်စီးဆုံးရှုံးမှုများအပေါ် စိတ်မကောင်းဖြစ်ရပါတယ်လို့ ဆိုပါတယ်။
မီးဘေးသင့်သူအားလုံးကို အတတ်နိုင်ဆုံး ကူညီပေးမှာဖြစ်ပြီး သီးခြားစေတနာ့ရှင်များရဲ့ စေတနာအရ CDM မီးဘေးသင့် စာရင်းကို ကောက်ခံရခြင်းဖြစ်ပါတယ်လို့ အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။