Home
မြန်မာသတင်း
တာမွေမြို့နယ်လျှပ်စစ်ရုံး ဗုံးဖြင့်ပစ်ခံရ
DVB
·
December 3, 2022
317479460_10159139467167913_2684515154589981979_n

ရန်ကုန်၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်းရှိ မြို့နယ်လျှပ်စစ်ရုံးကို ဒီဇင်ဘာ ၂  ရက် ညနေ ၄ နာရီလောက်က အမည်မသိအမျိုးသားတယောက်က  ဗုံးနဲ့ လာရောက် ပစ်ခဲ့ပေမဲ့ ပေါက်ကွဲမှုမရှိခဲ့ဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ရပ်ကွက်နေသူ တဦးက "လေးနာရီကျော်လောက်က ဖြစ်သွားတာ။ ဗုံးနဲ့ပစ်တာ မပေါက်ဘူး။ စစ်တပ်က ရောက်လာပြီး ၅ နာရီလောက်မှာ ဖောက်ခွဲခဲ့တယ်။”လို့ ပြောပါတယ်။

နတ်မောက်လမ်းအတိုင်း လမ်းလျှောက်လာတဲ့လူငယ် တယောက်က တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

"ရုံးဝင်းထဲတော့ ဗုံး ရောက်ပေမဲ့ မပေါက်ဘူး။ စစ်တပ်က  အကာအရံတွေနဲ့ ဖောက်ခွဲ လိုက်တာ။"

ဗုံးနဲ့ပစ်ခံရပြီးနောက် နတ်မောက်လမ်းနဲ့ ဖိုးစိန်လမ်းကို ခေတ္တပိတ်ကာ ဗုံးပစ်သူကို စစ်ကောင်စီ တပ်က ရှာဖွေခဲ့ပေမဲ့ ဖမ်းဆီးရမိတာ မရှိဘူးလို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ နိုဝင်ဘာလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၁၆ ကြိမ်ဖြစ်ခဲ့ပြီး ၈ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာ ရခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024