စစ်ကောင်စီကို တော်လှန်နေတဲ့ Fight for Justice-JPDF အဖွဲ့ တည်ထောင်တဲ့ ၁ နှစ်ပြည့် အခမ်းအနားကို အောက်တိုဘာ ၂၇ ရက်က တောတွင်းတနေရာမှာ ကျင်းပခဲ့တယ်လို့ JPDF က ထုတ်ပြန်ပါတယ်။
အခမ်းအနားမှာ ရဲဘော်တွေက စစ်ကြောင်းချီတက်တာ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံကို အလေးပြုတာ၊ သစ္စာအဓိဋ္ဌာန် ရွတ်ဆိုတာ၊ ကရင်နီတပ်ပေါင်းစု (K.R.U) ဥက္ကဋ္ဌမှ သဝဏ်လွှာဖတ်ကြားတာနဲ့ JPDF တပ်ဖွဲ့ခေါင်းဆောင်၊ တပ်ရင်းမှူးနဲ့ တာဝန်ရှိသူတွေက မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
JPDF ဟာ ပြည်သူတွေထဲကနေ ပေါက်ဖွားလာတဲ့ တော်လှန်ရေးရဲဘော်တွေ ဖြစ်တဲ့အတွက် ပြည်သူတွေနဲ့အတူ ရပ်တည်ကာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်အာဏာရှင်စနစ် ပျက်သုဉ်းတဲ့အထိ ဆက်လှန်တော်လှန် တိုက်ပွဲဝင်သွားမယ်လို့ ပြောထားပါတယ်။