Home
မြန်မာသတင်း
စစ်တွေမြို့နယ်တွင် ဒေသခံ ၁ ဦးကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဖမ်းဆီး
DVB
·
October 27, 2022
313203120_200013382485086_7148957442081694383_n

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက အသက် ၄၀ ကျော် ဒေသခံပြည်သူ အမျိုးသားတယာက်ကို  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA အဖွဲ့က ဖမ်းဆီးထားတယ်လို့ ဖမ်းဆီးခံရသူရဲ့ ဆွေမျိုးတော်စပ်သူတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့ ရွာသာယာရွာက  ဦးအောင်လှဝင်းကို နာဇီရွာ စက်ရုံစုရပ်ကွက်မှာ အထိုင်ချထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA အဖွဲ့ဝင်တွေက ဖမ်းဆီးထားတယ်လို့ ဦးအောင်လှဝင်းရဲ့ သားဖြစ်သူက ပြောပါတယ်။

“ညနေ ၆ နာရီလောက်မှာ ဘေးတွဲဆိုင်ကယ်တစီးနဲ့အတူ ပျောက်ဆုံးသွားလို့ လိုက်လံရှာဖွေရာ ဒီနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ALP ရုံးမှာ ဖမ်းဆီးထားတယ်လို့ စုံစမ်းသိရတယ်။ ကျနော့်အဖေက အရက်သေစာလည်း သောက်လေ့မရှိဘူး။ ဘာကြောင့် ဖမ်းတယ် ဆိုတာတော့ မသိရသေးဘူး။ အဖေက ကားဂိတ်မှာ ဘေးတွဲမောင်းတဲ့ အလုပ်လုပ်ကိုင်ပြီး အိမ်ကိုပြန်တဲ့အချိန် ဖမ်းဆီးထားတာ။”

စစ်တွေမြို့ နာဇီရွာမှာ အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်းကလည်း ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP/ALA အဖွဲ့ဝင်တွေက ပြည်သူ ၂ ယောက်ကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့လို့ ဒဏ်ရာအပြင်းအထန်ရရှိကာ သေနတ်ဒဏ်ရာ ၄ ချက် ထိမှန်ခဲ့တဲ့သူကိုတော့ ရန်ကုန်ဆေးရုံကို လွှဲပြောင်းကုသနေရတယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

အဲဒီ ALP အဖွဲ့ဝင်တွေဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး လက်နက်အားကိုးနဲ့ အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA နဲ့ ပတ်သက်ဆက်နွှယ်တဲ့သူတွေကိုလည်း စစ်ကောင်စီကို သတင်းပေးတာတွေ ဆက်တိုက်ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024