ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးဟောင်း အောက်ဗိုလ်တဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်သိမ်းဆည်းလိုက်တယ်လို့ KNLA တပ်မှူး စောကျော်သက်က ပြောပါတယ်။
ဒါဟာ မြန်မာပြည်သူတွေအတွက် အရေးမပါတဲ့စခန်းဖြစ်ပြီး မလိုအပ်ဘဲ စစ်ကောင်စီက စခန်းချထားတာကြောင့် သိမ်းပိုက်ရတာဖြစ်ကြောင်း၊ စခန်းကို ပစ်ခတ်သိမ်းဆည်းချိန်မှာ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှု မပြုနိုင်ဘဲ ဘေးလွတ်ရာကို အကုန်လုံး ထွက်ပြေးသွားကြောင်း သူက ဆက်ပြောပါတယ်။
မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ အောက်ဗိုလ်တဲ စခန်းသိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား သေဆုံးမှုမရှိပေမဲ့ စစ်လက်နက် သိမ်းဆည်းရမိခဲ့တဲ့ အခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။