စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ ကလေး PDF တပ်ရင်း ၅ က "တွဲလက်ညီညီ၊ အောင်ပွဲဆီ" ကျည်ဆန်အတောင့်ရေ ၅၀၀၀ Challenge ကို စတင်ပြုလုပ်လိုက်ပါတယ်။
အဆိုပါ Challenge ကို စက်တင်ဘာ ၂၆ ကနေ အောက်တိုဘာ ၁၅ ရက်အထိ ရက်ပေါင်း ၂၀ အတွင်း ကျည်ဆန်အတောင့်ရေ ၅၀၀၀ ပြည့်တဲ့အထိ ခေါ်ယူသတ်မှတ်ထားပါတယ်။
ကလေး PDF တပ်ရင်း ၅ ရဲ့ တာဝန်ခံက “အခုအခါ တိုက်ပွဲဝင်ကျည်ဆန်တထောင့်ကို ၁ သောင်းကျပ်နှုန်း နဲ့ ပေးဝယ်နေရတာ။ ကျနော်တို့ကလေးနယ်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ကျည်ဆန်တွေ၊ လက်နက်တွေ လိုအပ်ချက်ရှိနေတဲ့အတွက် အခုလို Challenge ပြုလုပ်ရခြင်းဖြစ်တယ်။ မိဘပြည်သူတွေအနေနဲ့ ကျည် ၅၀၀၀ Challenge မှာ ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်" လို့ ပြောပါတယ်။
လှူဒါန်းပေးလိုတဲ့ ပြည်တွင်းက ပြည်သူတွေအနေနဲ့ ကလေး PDF အမှတ် ၅ တပ်ရင်းရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ နဲ့ ထိုင်းနိုင်ငံကနေ လှူဒါန်းမယ့်သူတွေအနေနဲ့ အနာဂတ်အလင်းတန်းများရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ပြည်သူသာလျှင် အဓိကမို့ ပြည်တွင်း ပြည်ပက ပြည်သူတွေအနေနဲ့ project ပြည့်မိအောင် လှူဒါန်းပေးကြလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
အလှူငွေလှူဒါန်းပါဝင်တဲ့ ပြည်သူတယောက်ခြင်းစီကိုလည်း Certificate ပေးမှာဖြစ်ပြီး အလှူငွေလှူဒါန်းခြင်းနဲ့ project အကြောင်း အသေးစိတ်သိရှိလို့ပါက ကလေး PDF အမှတ် ၅ တပ်ရင်းရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကနေ မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။