Home
မြန်မာသတင်း
စစ်ရှောင်ပြည်သူများကို ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စားနပ်ရိက္ခာနှင့်အသုံးစရိတ် ထောက်ပံ့
DVB
·
September 25, 2022
307679477_615701926865147_4186948588601195020_n

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က၊ စစ်ရှောင်ပြည်သူတွေနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူတွေကို ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စားနပ်ရိက္ခာနဲ့ အသုံးစရိတ်အချို့ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့က မောက်၊ မောက်လင်း၊‌ ထယ်လှော်‌၊ ကျော် စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်နဲ့ မီးဘေးသင့် ပြည်သူတွေကို တအိမ်ထောင် ငွေကျပ် ၁ သောင်းနဲ့ ဆီ ၅၀ ကျပ်သားစီ ကူညီထောက်ပံ့ပေးခဲ့ပြီး မြင်းဇာ၊ လာပို့၊ ရွာစည်၊ ရွှေတောင်ရွာက မီးဘေးသင့်ပြည်သူတွေကိုတော့ တအိမ်ထောင် ၃ သောင်းကျပ်နဲ့ ဆီ ၅၀ ကျပ်သားစီ ‌အသီးသီးထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ထောက်ပံ့ကြေး‌နဲ့ အသုံးအဆောင်ပစ္စည်းတန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း ၅၀ ကျော် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဂန့်ဂေါမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"မိဘပြည်သူတွေက ထောက်ပံ့ကူညီလှူဒါန်းတဲ့ ငွေတွေနဲ့ပဲ ကျနော်တို့အဖွဲ့က လိုအပ်နေတဲ့ နေရာတွေကို ပြန်လည်ထောက်ပံ့ပေးတာ။ ဆက်လက်ပြီးထောက်ပံ့ပေးကြပါဦး။ ပါဝင်လှူဒါန်းပေးတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်။"

ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၁၀၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားသလို ဂန့်ဂေါနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး သတင်းအမှောင်ချထားတာလည်း ၁ နှစ်ကျော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ကူညီထောက်ပံ့ဖို့ ကျန်ရှိနေတဲ့ စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေကို  ဆက်လက်ထောက်ပံ့နိုင်ဖို့ ကြိုးစားနေပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီ ပူးပေါင်းပါဝင် လှူဒါန်း‌ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024