Home
မြန်မာသတင်း
ကန်ပက်လက်မြို့နယ်က ရဲတပ်သားတဦး သေနတ် ၂ လက်၊ ကျည်အပြည့်အစုံဖြင့် CDM ပြုလုပ်
DVB
·
September 21, 2022
308452210_403860568580872_8504524485065406344_n

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ စက်တင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီ ရဲတပ်သားတဦး သေနတ် နှစ်လက်၊ ကျည်အပြည့်အစုံနဲ့ CDM ပြုလုပ်လာတယ်လို့ CDF-Kanpetlet က ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား ပြည့်ဖြိုးဇင်၊ တသ၊ လ-၂၆၆၇၂၉ ဟာ  CDM လုပ်လိုကြောင်း ဆက်သွယ်လာခဲ့တာကြောင့် CDF-Kanpetlet က သွားရောက်ကြိုဆို ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

CDF-Kanpetlet က ထိုက်သင့်တဲ့ ဂုဏ်ပြုချီးမြှင့်ငွေကို ပေးအပ်ခဲ့ပြီး သူ့ရဲ့ သဘောဆန္ဒအရ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

CDM ပြုလုပ်လာတဲ့ ရဲတပ်သား ပြည့်ဖြိုးဇင်နဲ့ အတူ G3  ၁ လက်နဲ့ ကျည်ဘောက် ၃ ခု၊ M16 ၁ လက်နဲ့ ကျည်ဘောက် ၂ ခု၊ 7.62 ကျည် ၁၁၀ တောင့်၊ 9mm ကျည် ၅ တောင့်နဲ့ ကျည်ကာ ၁ ထည် တို့ကို တပါတည်း ယူဆောင်လာတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူနဲ့ ပူးပေါင်းလိုသော ရဲနဲ့ တပ်မတော်သားတွေကို CDF-Kanpetlet က နွေးထွေးစွာ ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024