ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တရားရုံးမှာ စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တာကြောင့် တရားရုံးနားက ကားတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံမျက်မြင် တဦးက ပြောပါတယ်။
မျက်မြင်တွေ့သူက "ဗုံးသံ နှစ်ချက် ထွက်တယ်။ သေနတ်သံ လေးငါးချက် ထွက်တယ်။ လမ်းထွက်ကြည့်တော့ တရား ရုံးရှေ့မှာ မီးခိုးတွေ မည်းနေပြီ။ တရားရုံးရှေ့က ကားတွေ စုတ်ပြတ်သွားတယ်"လို့ ပြောပါတယ်။
လူလေးယောက်က တရားရုံးဝန်းအတွင်းကို လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တာကြောင့် တရားရုံးထဲက ခွေး တကောင် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
မိုးမိတ်မြို့မှာ စက်တင်ဘာ ၁၉ ရက်ညပိုင်းမှာလည်း ပေါက်ကွဲသံနဲ့ ပစ်ခတ်သံတချို့ ကြား ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။