Home
မြန်မာသတင်း
ပခုက္ကူ-GZ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွင် ပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေ
DVB
·
September 15, 2022
305273675_191230830030008_216279156320125779_n
305277918_191230920029999_6615315627268255437_n
306772987_191230676696690_5159994575915438465_n

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာ စက်တင်ဘာ ၁၄ ရက်က ဒေသခံပြည်သူတွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တယ်လို့ PKU-GZ တပ်ဖွဲ့ကနေ သိရပါတယ်။

PKU-GZ တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်တိုက်ဂါးက “ပခုက္ကူမြို့နယ်ထဲက ကျေးရွာတရွာက ဒေသခံပြည်သူ ၅၀ လောက်ကို ကျနော်တို့တပ်ဖွဲ့ရဲ့ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေက အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ဆေးဝါးကုသတာတွေ ပြုလုပ်ပေးခဲ့တယ်”လို့ ပြောပါတယ်။

ပြည်သူလူထုရဲ့ ကျန်းမာရေးအခက်ခဲတွေကို ဖြေရှင်းပေးချင်လို့ ဆေးဝါးပစ္စည်းတွေ ကျပ်သိန်း ၃၀ ဖိုးလောက်ဝယ်ယူပြီး တပ်တွင်းဆေးခန်းတခုကို ဖွင့်လှစ်ပေးထားကာ ကျေးရွာဘက်တွေကိုတော့ တပတ်ကိုတစ်ကြိမ် ကွင်းဆင်းကုသပေးနေပြီး နေမကောင်းဖြစ်တဲ့ ပြည်သူတွေ အဆိုပါ ဆေးခန်းမှာ လာရောက်ပြသနိုင်တယ်လို့ ဆိုပါတယ်။

ဗိုလ်တိုက်ဂါးက “ကျနော်တို့က အခုမှစတင်တာဆိုတော့ အခမဲ့ဆိုပေမဲ့ ဆေးခန်းမှာ အလှူခံပုံးလေးတော့ ထားပေးတယ်။ မိုးတွင်းကာလဆိုတော့ ခြင်ကိုက်တာတွေနဲ့ ရာသီဥတုဒဏ်ကြောင့် ဖျားနာတာတွေ၊ တုတ်ကွေးဖြစ်တာတွေနဲ့ ယားနာအဖုအပိမ့် ပေါက်တဲ့သူတွေ များပြားတယ်”လို့ ပြောပါတယ်။

ဆေးဝါးတွေနဲ့ မောင်းပြန်သေနတ်တွေ ဝယ်ယူနိုင်အောင် မိဘပြည်သူတွေအနေနဲ့ PKU-GZ တပ်ဖွဲ့ကို တတ်နိုင်သလောက် ထောက်ပံ့ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024