Home
မြန်မာသတင်း
ရေးမြို့လယ်က စသုံးလုံးရုံးအဝင်ဝ၌ ပါဆယ် ဗုံးတွေ့
DVB
·
September 13, 2022
305579781_400699442224826_3670376917301469195_n

မွန်ပြည်နယ်၊ ရေးမြို့လယ်မှာရှိတဲ့ စသုံးလုံးရုံးအဝင်ဝမှာ မပေါက်ကွဲသေးတဲ့ ပါဆယ်ဗုံး တလုံး စက်တင်ဘာ ၁၂ ရက်က  တွေ့ရှိခဲ့တယ်လို့ မြို့ခံ တဦးက ပြောပါတယ်။

မနေ့မနက်ရုံးဖွင့်ချိန် ပါဆယ်အထုတ်ကိုတွေ့ရာက မသင်္ကာလို့ စစ်ကောင်စီတပ်ကို အကြောင်းကြားရာက ပါဆယ်ဗုံးကို တွေ့တာဖြစ်တယ်လို့ ရုံးအနီးနာနေသူ တဦးက ပြောပါတယ်။

ပါဆယ်ပုံးကို စစ်ဆေးရာမှာ ဗုံးကို သေတ္တာထဲမှာ တွေ့ရှိခဲ့တာကြောင့် စစ်ကောင်စီရဲ့ မိုင်းရှင်းလင်းရေးအဖွဲ့က ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ဗုံးရှင်းလင်းရေးလုပ်စဉ် ရုံးအနီးရောက်သူ တဦးက “ရုံးက ပိတ်တာများတယ်။ နှစ်ယောက်  သုံးယောက်လောက်ပဲ အဝင်အထွက်လုပ်တာ။ အရှေ့ဘက်ပဲ ခြံစည်းရိုးရှိတာ။ နောက်ကတော့ ဒလဟာကြီး။ အရှေ့နဲ့အနီးဝန်းကျင်အိမ်တွေကတော့ တံခါအမြဲပိတ်ထားကြတာ။ ဘယ်သူ ဘယ်အချိန် လာထားလဲတော့ မသိလောက်ဘူး” လို့ ပြောပါတယ်။

စသုံးလုံးရုံးရဲ့ ဘေးပတ်ဝန်းကျင်မှာ လူနေအိမ်တွေအပြင် အနောက်ဖက်လမ်းမှာက ဆေးရုံ ဆေးခန်းတွေရှိတာကြောင့် ဗုံးပေါက်မှာကို အနီးနားက လူတွေ  စိုးရိမ်ခဲ့ရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

ရေးမြို့ခံတဦးက “ညကလည်း သေနတ်ပစ်သံတွေ စစ်တပ်ဘက်မှာ ကြားရတယ်။ စစ်တပ်က ညဘက်ဆို  မသင်္ကာတဲ့ သူတွေကို ခြောက်လှန့် ပစ်တာဖြစ်နိုင်တယ်”လို့ က ဆိုပါတယ်။

အခုလို စသုံးလုံးရုံးအပြင် စစ်ကောင်စီရဲ့အုပ်ချုပ်ရေး ယန္တရားတခုလုံး ရပ်ဆိုင်းဖို့ ဌာနဆိုင်ရာရုံး ၀န်ထမ်းတွေကို နောက်ဆုံးသတိပေးထားပြီးတဲ့နောက် ဌာနဆိုင်ရာရုံးကို PDF တွေ တိုက်ခိုက်နေတာကြောင့် ဌာနဆိုင်ရာရုံးတွေ ဒီနေ့အထိ ပိတ်ထားရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024