Home
မြန်မာသတင်း
မိုးဗြဲမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
DVB
·
September 11, 2022
306588559_389406133367308_3404321586476070591_n
306387668_389406450033943_2297177199088835750_n
306319473_389406216700633_7607655879470251895_n

ရှမ်း-ကရင်နီ(ကယား)နယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း  မိုးဗြဲမြို့မှာ စက်တင်ဘာ ၁၁ ရက်က တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ တနေကုန်နီးပါး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဘက်ကလည်း နှစ်ယောက် ကျဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီကနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေထံကနေ လက်နက်ခဲယမ်းတွေနဲ့တွေလည်း KNDFက သိမ်းဆည်းရမိခဲ့ပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ  MA-1 သေနတ် တလတ် ၊ MA-3 သေနတ် နှစ်လက် ၊ RPG ဗုံးသစ်တွေ၊ (၆၀) မမ အသီးတွေ ၊ ဆက်သွယ်ရေး အထိုင်စက်တလုံး၊ ကျည်ဆန်တွေနဲ့ အသုံးအဆောင်တွေပါဝင်တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း အထိနာတဲ့ စစ်ကောင်စီတပ်တွေဟာ  တစ်နေကုန်နီးပါး လက်နက်ကြီး တွေ  အလွန်အကျွံအသုံးပြုပစ်ခတ်ခဲ့သလို ညနေပိုင်းမှာလည်း တိုက်လေယာဉ်နဲ့  နှစ်ကြိမ် ပစ်ခတ်ခဲ့လို့ ပြည်သူလူထုတွေရဲ့ နေအိမ်အများအပြား ပျက်စီးသွားပါတယ်။

မိုးဗြဲမြို့၊ ပွဲကုန်း ၃ ရပ်ကွက်၊ ဘုရားကျောင်းဝင်းအနီး စက်တင်ဘာ ၈ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားပြီး ၄ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

KNDF ရဲ့ ထုတ်ပြန်ချက်တွေအရ တိုက်ပွဲလေးရက်အတွင်း စစ်ကောင်စီဘက်က ၅၀  ကျော်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်းအသုံးအဆောင်တွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ကရင်နီ ပူးပေါင်းတပ်တွေဘက်ကတော့ နှစ်ယောက်ကျဆုံးပြီး   ၁၉ ယောက် ဒဏ်ရာရရှိထားပါတယ်။

စက်တင်ဘာ ၈ ရက်က စတင်တဲ့ တိုက်ပွဲဟာ ၁၁ ရက်အထိဆက်ဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအဆမတန်ပစ်ခတ်တိုက်ခိုက်မှုအပြင် လေကြောင်းပစ်ကူပါ သုံးပြီးတိုက်ခိုက်နေတာဖြစ်လို့  မြို့အနီး ဖြတ်သန်းသွားလာတာမလုပ်ကြဖို့  KNDF က တွန်းထားပါတယ်။

PhotoCrediit-KNDF

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024