Home
မြန်မာသတင်း
ပုသိမ်တွင် အမျိုးသား ၁ ဦး လမ်းပေါ်သေဆုံးမှု ကိုဗစ်ရောဂါကြောင့်ဖြစ်မှာကို ဒေသခံများစိုးရိမ်
DVB
·
September 8, 2022
DDD
305024899_597347012030818_505178326243490167_n

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ စက်တင်ဘာ ၆ ရက် မနက်ပိုင်းက အမျိုးသားတဦး လမ်းမပေါ် သေဆုံးနေတာကိုတွေ့ရှိခဲ့ပြီး ကိုဗစ်ရောဂါနဲ့ သေဆုံးတာဖြစ်မှာကို စိုးရိမ် စိတ်ပူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စိန်ကုန်းကနေ ငွေဆောင်ကိုသွားတဲ့ ကားလမ်းပေါ်မှာ မနက်ပိုင်း သေဆုံးနေတဲ့ အမျိုးသားကို ဒေသခံတွေက တွေ့ရှိခဲ့ပြီး နာရေးကူညီမှုအသင်းကားနဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။ 

ဒေသခံတဦးက “တခြားဒဏ်ရာတွေဘာတွေရထားတာမျိုးလည်း မတွေ့ဘူး။ ဒီတိုင်းလမ်းပေါ်မှာ သေနေတာဆိုတော့ ကိုဗစ်နဲ့သေတာမျိုးဖြစ်မှာ စိတ်ပူနေတာ။ ဒီဘက်က ရွာဘက်ဆိုတော့ သိပ်ပြီးတော့လည်း အရင်ကလို MASK တပ်တာမျိုး၊ လက်ဆေးတာမျိုး မရှိတော့ဘူးလေ၊ ဖြစ်ရင် အကုန်ကူးမှာ အဲ့တာကို စိတ်ပူနေရတာ”လို့ ပြောပါတယ်။

ကားလမ်းပေါ်မှာ သေဆုံးခဲ့တဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို ဘက်စုံလူမှုကူညီရေးအဖွဲ့(ပုသိမ်)က ကားအကူအညီနဲ့ ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ခဲ့ပြီး လတ်တလော  ဘာရောဂါကြောင့် သေဆုံးတယ်ဆိုတာကို မသိရတော့ဘူးလို့ ဆိုပါတယ်။

ဒေသခံအများစုက အခုလတ်တလော လမ်းပေါ်မှာ လူတွေသေဆုံးမှုဟာ ကိုဗစ် ရောဂါကြောင့်ဖြစ်မှာကို စိတ်ပူနေကြရတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၇ ရက်ကလည်း ပုသိမ်မြို့နယ်၊ ကမ်းနီကျေးရွာအပိုင်ထဲက မြစ်ထဲမှာ အမျိုးသား တယောက် သေဆုံးနေတာတွေ့ရှိခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာ ၇ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၂၃ ယောက် ထိတွေ့ရှိထားသလို ၁ ပတ်အတွင်း သေဆုံးသူ ၄ ယောက် ထိရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024