ချင်းပြည်နယ်အခြေစိုက်၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ဦးဆောင်မှုနဲ့ ချင်းပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲအမှတ်စဉ် ၁ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၃ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNDF) က ထုတ်ပြန်ပါတယ်။
အခြေခံရဲသင်တန်းကို သြဂုတ် ၂၂ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့အထိ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ သင်တန်းကွင်းမှာ ပြုလုပ်ခဲ့ကြပြီး သင်တန်းသား ၇၁ ဦးအား သင်ကြားပို့ချခဲ့တယ်လို့ CNO ကဆိုပါတယ်။
အဆိုပါသင်တန်းမှာ စစ်ရေး၊ ဥပဒေ နဲ့ အမှုစစ်နည်းတွေကို အဓိကပို့ချခဲ့ကြပြီး သင်တန်းသင်ယူပြီးမြောက်တဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေဟာ ဖလမ်းမြို့နယ်အတွင်းရှိ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) စိုးမိုးနယ်မြေတွေမှာ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းကာ ဥပဒေအတိုင်းလုပ်ငန်းတွေကို တာဝန်ခွဲ ထမ်းဆောင်သွားကြမယ်လို့ CNO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။