အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တော်ခန်းမရှေ့မှာ ၁၃ ကြိမ်မြောက်ခွပ်ဒေါင်းအလံလွှင့်ထူပွဲကို ဩဂုတ် ၆ ရက်က ကျင်းပပါတယ်။
၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်မြောက် အထိမ်းအမှတ်ကျင်းပတဲ့ ဒီအခမ်းအနားမှာ အမေရိကန်နဲ့ ကနေဒါက ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေရာနဲ့ချီ တက်ရောက်ခဲ့ကြပြီး ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို သေဒဏ်ပေးကွက်မျက်တဲ့ အပေါ် ကန့်ကွက်ရှုတ်ချခဲ့ကြကာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး သွေးမအေးကြဖို့ တိုက်တွန်း ပြောကြားခဲ့ကြပါတယ်။
၈၈၈၈ အရေးတော်ပုံ နှစ်ပတ်လည်ပွဲနဲ့အတူ တော်လှန်သင်္ကြန်ပွဲတော်နဲ့ ဈေးရောင်းပွဲကိုလည်း ကျင်းပခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အမေရိကန်ပြည်သူတွေက စာနာအသိအမှတ်ပြုတဲ့အနေနဲ့ ၂၀၁၀ ပြည့်နှစ်ကစပြီး ဘတ်ဖဲလိုးမြို့မှာ ခွပ်ဒေါင်းအလံကို နှစ်စဉ်လွှင့်ထူခွင့်ရရှိခဲ့တာ အခု နှစ်ဆိုရင် ၁၃ နှစ်ရှိပြီ ဖြစ်ပါတယ်။