Home
မြန်မာသတင်း
အထက်မင်းလှ-PDF က အီနာဂါဗုံးသီး စမ်းသပ်ထုတ်လုပ်အောင်မြင်
DVB
·
August 3, 2022
296541941_182084977611260_8354109805215116059_n

မကွေးတိုင်း၊ မင်းလှမြို့နယ် Upper Minhla-PDF က အီနာဂါဗုံးသီး ထုတ်လုပ်အောင်မြင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို ပြန်လည်မျှဝေသွားမယ်လို့ အထက်မင်းလှ-PDF က ပြောပါတယ်။

မင်းလှ-PDF နဲ့ မကွေးမြို့နယ်တောင်ပိုင်း PDF မိုင်းထုတ်လုပ်ရေးတာဝန်ခံ ရဲဘော်ဘစောက “အီနာဂါအမျိုးအစား ဗုံးသီးတမျိုးကို ပထမအဆင့်အနေနဲ့ တီထွင်ထုတ်လုပ်နိုင်ခဲ့တယ်။ ပစ္စည်းရှိရင်ရှိသလို ထုတ်လုပ်နိုင်ပြီး ကုန်ကျစရိတ်ကတော့ ကျပ် ၃၀,၀၀၀ ဝန်းကျင်လောက် ကုန်ကျတယ်။ အဓိကဝယ်ရတဲ့ပစ္စည်း ယမ်းရဲ့ တန်ကြေးအပေါ်မှာ မူတည်တယ်။ အီနာဂါဗုံးသီးဟာ ကျနော်တို့ကိုင်နေတဲ့ မောင်းပြန်သေနတ်တွေရဲ့ထိပ်မှာ တပ်ဆင်ပစ်ခတ်ရပြီး အကွာအဝေးကတော့ ပို့ယမ်းကောင်းရင် ကောင်းသလို ကျနော်တို့ သုံးနေတဲ့ ယမ်းနဲ့ကတော့ တမိုင်လောက်အထိ ပစ်ခတ်နိုင်တယ်။ ဝေးဝေးကနေ ပစ်ခတ်နိုင်လေ ကိုယ့်ရဲဘော်တွေအတွက် အန္တရာယ်ကင်းလေပဲ။ ပုံမှန်သေနတ်နဲ့ ယှဥ်ပစ်တာထက်စာရင် တချို့စခန်းတွေကို သွားတိုက်တဲ့အခါ နီးကပ်သွားပြီဆိုရင် အနီးကပ်လုပ်စရာမလိုဘဲ ဖြတ်သွားဖြတ်လာ စစ်(...)ကားတွေကိုလည်း မိုင်းဆွဲတိုက်ခိုက်တာအပြင် အီနာဂါဗုံးသီးနဲ့ အဝေးကနေ ပစ်ခတ်လို့ရတာကြောင့် အများကြီးအကျိုးရှိတယ်” လို့ ပြောပါတယ်။

အထက်မင်းလှ-PDF တာဝန်ခံ ဗိုလ်ရန်ကြီးအောင်က “လက်ရှိ အီနာဂါဗုံးသီး ထုတ်လုပ်ရာမှာ ပမာဏတခုထိ အောင်မြင်မှုရနေပြီဖြစ်တယ်။ တခြား မဟာမိတ်တပ်ဖွဲ့တွေအတွက်ပါ ဖြန့်ဖြူးပေးမယ်လို့ သတင်းစကားပါးချင်တယ်” လို့ ပြောပါတယ်။

အီနာဂါဗုံးသီး ထုတ်လုပ်ရေးလုပ်ငန်းတွေကို အားပြုလုပ်ဆောင်နိုင်ဖို့နဲ့ တော်လှန်ရေးအတွက် ပိုမိုအသုံးပြုနိုင်ဖို့ ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ မိမိတို့တတ်နိုင်သရွေ့ ပံ့ပိုးကူညီပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

မကွေးတိုင်းအတွင်းမှာ PDF စိုးမိုးနယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ နယ်မြေပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို တော်လှန်ရေးတပ်ဖွဲ့တွေမှာလည်း လက်နက်ခဲယမ်း လိုအပ်ချက်တွေ နေ့စဥ် ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024