Home
မြန်မာသတင်း
PSLF/TNLA နိုင်ငံရေးသိပ္ပံကျောင်း ပထမဆုံးအကြိမ်ဖွင့်လှစ်
DVB
·
August 2, 2022
296345094_374984828115780_7326515929555733351_n

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ရဲ့ နိုင်ငံရေးသိပ္ပံကျောင်းကို ပထမဦးဆုံးအကြိမ်အဖြစ် သြဂုတ် ၁ ရက်က တအာင်းတပ်မတော် ထိန်းချုပ်နယ်မြေမှာ ကျင်းပ ပါတယ်။

PSLF/TNLA တပ်ဖွဲ့အတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေးဌာနတွေမှာ ဦးဆောင်နိုင်သူတွေ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင်ကြားချိန်ကာလ ၂ နှစ်ကြာမြင့်မှာ ဖြစ်ကာ စုစုပေါင်း ဘာသာရပ်  ၄၃ ခု သင် ကြားပေးသွားဖို့ရှိတယ်လို့ သင်တန်းကျောင်းကနေ သိရပါတယ်။

အဲ့ဒီဘာသာရပ်တွေထဲမှာ တစ်ကိုယ်ရည် စွမ်းဆောင်မှု၊ စီမံခန့်ခွဲမှာဆိုင်ရာ ဘာသာရပ်အပြင် အခြေခံနိုင်ငံရေး၊ လူ့အခွင့်အရေး၊ ပထဝီနိုင်ငံရေး၊ စီးပွားရေးဆိုင်ရာနိုင်ငံရေး စတဲ့ဘာသာရပ်တွေကို သင်ကြားပေးသွားမှာပါ။

PSLF/ TNLAက ပထမအကြိမ်ဖွင့်လှစ်တဲ့ နိုင်ငံရေးသိပ္ပံ ကျောင်းကို ကျောင်းသူ/သား ၃၅ ဦး တက်ရောက်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024