စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ရန်ကုန်မြို့တနေရာမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ကြပါတယ်။
သပိတ်ကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (Sc Strike) က ဦးဆောင်ကာ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစု၊ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ Labour Alliance အဖွဲ့ဝင် (CTUM)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)၊ Revolution Force(RF)၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY) တို့ ပူးပေါင်းပြုလုပ်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က “ဆဲဗင်းဂျူလိုင်” အထိမ်းအမှတ်အဖြစ်နဲ့ ရန်ကုန်လူငယ်များသပိတ်ကို စစ်ကောင်စီတပ်သားတွေက ကားနဲ့တိုက်ပြီး ဗုံးနဲ့တိုက်ခိုက်ဖြိုခွင်းမှုတွေရှိနေခဲ့ပေမယ့် ဆန္ဒပြလူငယ်တွေဟာ အကြမ်းဖက်စစ်တပ်ကို ရရာနည်းနဲ့ တော်လှန်နေကြောင်း သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ သပိတ်ကို ဆင်နွှဲခဲ့ကြတာလို့ သပိတ်အင်အားစုတွေက ဆိုပါတယ်။
ဓာတ်ပုံ-လူငယ့်ခေတ်