Home
မြန်မာသတင်း
မြဝတီ- မဲဆောက် နယ်စပ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းမှု တိုးမြှင့်လုပ်ဆောင်မည်
DVB
·
June 10, 2022
280032316_297512732501252_6921637638658863501_n

မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီ-မဲဆောက် ဆက်ဆံရေးရုံးအဖွဲ့တာဝန်ရှိသူတွေရဲ့ အစည်းအဝေးကို မဲဆောက်မြို့မှာ ဇွန် ၉ ရက်မှ ၁၀ ရက်အထိ နှစ်ရက်တာကျင်းပရာမှာ  နှစ်နိုင်ငံနယ်စပ် မူးယစ်ဆေးတရားမဝင် ရောင်းဝယ်မှုတွေကို တိုးမြှင့်ဖမ်းဆီးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

နယ်စပ်မှာ မူးယစ်ဆေးတွေ သယ်ဆောင်တာ၊ ရောင်းဝယ်တာနဲ့ ထုတ်လုပ်တာတွေတွေကို သောင်ရင်းမြစ် အနီးအနားမှာလုပ်ဆောင်နေကြတဲ့အတွက် ထိုင်းဘက်က မူးယစ်နှိမ်နင်းရေးအဖွဲ့၊  ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတို့က  ပူးပေါင်းဖမ်းဆီးဖို့ မဲဆောက်မြို့အုပ်ချုပ်ရေးမှူးက  ဇွန် ၁၀ ရက်မှာ ပြောပါတယ်။

မြဝတီ-မဲဆောက်နယ်ခြား သောင်ရင်းမြစ်အနီးမှာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတာကို ထိုင်းထောက်လှမ်းရရှိသတင်းအရသိရှိထားပြီး ဖမ်းဆီးနိမ်နှင်းသွားမှာဖြစ်သလို တခြားသော ဥပဒေမဲ့ တရားမဝင်လုပ်ရပ်တွေကိုလည်း ဖမ်းဆီးအရေးယူသွားမယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေနဲ့ အခုလပိုင်းတွေမှာ မြန်မာနယ်စပ်မှတဆင့် ထိုင်းနိုင်ငံဘက်ကို ဖြတ်ပြီး သယ်ဆောင်လာတဲ့ အိုက်စ်နဲ့ တခြားစိတ်ကြွမူးယစ်ဆေးတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တာ ရှိပါတယ်။

မြန်မာနိုင်ငံဘက်ကနေ ထိုင်းဘက်တဆင့် တိုက်ဝမ်နိုင်ငံကိုမူးယစ်ဆေးဝါးတွေ ပို့ဆောင်ရာမှာ မူးယစ်ဆေးတွေကို  ဘုရားဆင်းတုတွေထဲမှာ ထည့်သွင်းပြီး ပိုဆောင်တာတွေလည်ရှိတယ်လို့ ထိုင်းတာဝန်ရှိသူတွေက အစည်းအဝေးမှာပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024