Home
မြန်မာသတင်း
ပြည်သူ့တော်လှန်ရေးတပ်မတော် DRPA အဖွဲ့က အဝေးပစ်ရှော့တိုက်ဒုံး ထုတ်လုပ်အောင်မြင်
DVB
·
June 7, 2022
DRPA

ပြည်သူ့တော်လှန်ရေးတပ်မတော် DRPA အဖွဲ့အနေနဲ့  အဝေးပစ်ရှောတိုက်ဒုံး အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီလို့  DRPAအဖွဲ့တာဝန်ခံက ပြောပါတယ်။

အဆိုပါလက်နက်ကို ပြီးခဲ့တဲ့‌မေလပိုင်းလောက်က စမ်းသပ်ထုတ်လုပ်ခဲ့ပြီး ဒီပဲယင်းရဲစခန်းနဲ့ ဘုတလင်ရဲစခန်းတွေကို စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ DRPAတာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ အစပိုင်းက ထုတ်လုပ်ရာမှာ လက်နက်ထိပ်ဖူးကို ၈၀ မမ နဲ့ ၆၀ မမဆိုပြီး နှစ်မျိုးစမ်းသပ်တယ်။ ၈၀ မမကတော့ အနည်းငယ် Error လေးတွေ ဖြစ်တယ်။ ၆၀-မမ ကျတော့ အားလုံးအဆင်ပြေတယ်။ လိုရာကို တိတိကျကျ ပစ်နိုင်တယ်။ အတိကျဆုံးကတော့ ၃ မိုင်လောက်က ပစ်မှတ်ကို ပစ်နိုင်တယ်။ ရောက်တဲ့အကွာအဝေးကတော့ ပို့ယမ်းပေါ်မှာ မူတည်တယ်။ပို့ယမ်းများရင် များသလို မိုင်အကွာဝေး ပိုပြေးတယ်”လို့ DRPAတာဝန်ရှိသူက ပြောပါတယ်။

အဆိုပါစမ်းသပ်အောင်မြင်ထားတဲ့ ဒုံးအလုံးအရေအတွက် ၂၀ လုံးအထိရှိနေပြီး ကုန်ကျငွေအနေနဲ့ တစ်လုံးကို ကျပ်တစ်သိန်းလောက် ကုန်ကျတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024