Home
မြန်မာသတင်း
အမှုကြီးအမှုသေး ၁၀ ခုဝန်းကျင် ဆောပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုင်တွယ်ဖြေရှင်းထား
DVB
·
May 24, 2022
283735657_541159841065413_8834254566041436586_n

ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ညှိနှိုင်းပြီး ကြားကာလအခြေအနေတွေမှာ ဥပဒေမဲ့ လုပ်ရပ်တွေကို မကျူးလွန်ဖို့ တိုက်တွန်းနှိုးဆော်ထား သလို ကျုးလွန်ခံရရင်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို တိုင်ကြားဖို့ ပညာပေးဆောင်ရွက်ထား တယ်လို့ ဆောပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ကြည်စိုးထွန်းက ပြောပါတယ်။ 

အခုလို အချိန်ကာလမှာ ခေတ်မကောင်းတာကို အခွင့်ကောင်းယူပြီး ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ရှိသလို လက်ရှိမှာလည်း အမှုအကြီးအသေး စုစုပေါင်း ၁၀ ခုဝန်းကျင်အထိကို မြို့နယ်အဆင့်က ကိုင်တွယ်ဖြေရှင်းထားကာ ကျန်တဲ့ ကျေးရွာအဆင့် တိုက်နယ်အဆင့်ကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက ညှိနှိုင်းဖြေရှင်းဆောင်ရွက်ထားတယ်လို့လည်း ဆိုပါတယ်။ 

ညှိနှိုင်းဖြေရှင်းလို့ရတဲ့ အမှုမျိုးတွေကို နှစ်ဦးနှစ်ဖက် ကျေလည်တဲ့အထိ ကျေအေးလွှာတွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေပြီး ဖမ်းဆီး ထောင်ချရမယ့် အမှုမျိုးတွေကိုတော့ လက်ရှိကာလမှာ အချုပ်ထောင် တွေ မဆောက်နိုင်သေးတဲ့အတွက် ကာကွယ်ရေးအဖွဲ့တွေထဲမှာ ထိန်းသိမ်းပြီး ပြစ်ဒဏ်ချမှတ်ထားတယ်လို့ သိရပါတယ်။ 

ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တရားဥပဒေစိုးမိုးရေး၊ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု၊ စစ်ဘေးရှောင်ကူညီ စောင့်ရှောက်ရေး နဲ့ ဘဏ္ဍာငွေရှာဖွေရေး စတဲ့ လုပ်ငန်းကဏ္ဍ ၅ ရပ်ကို လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကြားကာလမှာ တရားစီရင်ရေးအာဏာတွေကို ကျင့်သုံးဆောင်ရွက်နိုင်ဖို့အတွက် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၁၅ ခုမှာ တရားသူကြီးများအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး တရားစီရင်ရေးအာဏာကို အပ်နှင်းပေးခဲ့ပါသေးတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024