တနင်္သာရီတိုင်း၊ ရေး-မော်လမြိုင်သွားကားလမ်း ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စု ထက်ထက်ဆီဆိုင်ရှေ့မှာ မေ ၉ ရက် ဒီနေ့လယ်က ခရီးသည်တင်ယာဉ်မှန်လုံကားနဲ့ ဆိုင်ကယ် ချိတ်မိပြီး အမျိုးသမီး တယောက် သေဆုံးကာ အမျိုးသား တယောက် ပြင်းထိန် ဒဏ်ရာရသွားတယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ဆိုင်ကယ်နောက်က စီးနင်းလာတဲ့ ကွာန်ဒူးကျေးရွာက အမျိုးသမီးဟာ ရေးဆေးရုံအရောက်မှာ ရရှိတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။
အဆိုပါဆိုင်ကယ်နဲ့ ရေခဲချောင်းသည်ရဲ့ စက်ဘီးထပ်ဆင့်တိုက်မိပြန်လို့ ရေခဲချောင်းသည် အမျိုးသားလည်း ဒဏ်ရာအပြင်းအထန် ရရှိကာ ရေးဆေးရုံးကို အရေးပေါ် ပို့ဆောင်ပေးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတဦးက ပြောပါတယ်။
ခရီးသည်တင်မှန်လုံ ယာဉ်ကားကတော့ မောင်းပြေးသွားလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လိုက်လံစုံစမ်းနေပါတယ်။
ရေး - မော်လမြိုင်သွားကားလမ်းမမှာ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးရတဲ့သူတွေမှာ ၂၀၂၁ မှ ၂၀၂၂ ခုနှစ်အတွင်း ၁၂ ယောက်လောက် ရှိပါတယ်။