ယောဒေသ Drone နဲ့ လက်နက်နည်းပညာအဖွဲ့က အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်တဲ့ မှတ်တမ်းဗွီဒီယိုတခု ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီတပ်စခန်းချရာနဲ့ ရဲစခန်းတို့ကို ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး တချို့ မှတ်တမ်းမှာတော့ ဗုံးကြဲမှာစိုးလို့ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးနေတာကို တွေ့ရပါတယ်။
"ဒီနည်းလမ်းနဲ့တိုက်ခိုက်တာမှာ ၂ ပွင့်ဗိုလ် အပါအဝင် စခ ၁၂ ကောင် သုတ်သင်ရှင်းလင်နိုင်ခဲ့ပြီး ၈ ကောင် ပြင်းထန်ဒဏ်ရာရတယ်" လို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။
အသုံးပြုတဲ့ ဗုံးတန်ဖိုးက လက်လုပ်ဗုံးဆိုရင် တလုံးကို ကျပ် တသိန်းခွဲ၊ စက်ရုံထုတ်က ၂ သိန်းခွဲလောက်ရှိတယ်လို့ သိရပါတယ်။
"စက်ရုံထုတ်က ဝယ်သုံးတာတော့မဟုတ်ဘူး။ စခတွေဆီက သိမ်းမိတာလေးတွေပါ။ အခုထိတော့ စုစုပေါင်း ၂၅ လုံးကြဲခဲ့နိုင်ပြီ။ တလုံး တလုံး ထုတ်လုပ်ဖို့စရိတ်က ကြီးတော့ ရန်ပုံငွေတွေလည်း လိုပါတယ်" လို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။
ထိရောက်မှုမှာ လက်လုပ်ဗုံးနဲ့ စက်ရုံထုတ် အတူတူဖြစ်ပေမယ့် လုံခြုံစိတ်ချရတာမှာတော့ စက်ရုံထုတ်က ပိုသာတယ်လို့ သူက ဆိုပါတယ်။
ယောဒေသ Drone နဲ့ လက်နက်နည်းပညာ အဖွဲ့ဟာ ဒရုန်းအသုံးပြုတိုက်ခိုက်နည်းတွေကို ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေဆီ သင်တန်းပေးနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။