မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်- မန္တလေးအဆင်းလမ်း၊ မိုင်တိုင်အမှတ် ၂၅ မိုင်နဲ့ ၂၄/၇ ဖာလုံကြားမှာ ဧပြီ ၂၅ ရက် ၁၂ နာရီကျော်က ၂၂ ဘီးယာဉ် ဘရိတ်ပေါက်ပြီး ထင်းတင်ယာဉ်ကို တိုက်မိခဲ့ပါတယ်။
၂၂ ဘီးယာဉ်ဟာ ပြောင်းအိတ်တွေ တင်ဆောင်လာတာဖြစ်ပြီး ထင်းတင်လာတဲ့ ကားအင်ဂျင်တပ် ထော်လာဂျီကို အနောက်ကနေ တိုက်မိတာဖြစ်ပြီး လူတဦး ညပ်နေခဲ့တယ်လို့ သိရပါတယ်။
“သေတာက ထင်းကားပေါ်က လူ သေတာ။ နောက်ကနေ တိုက်တာဆိုတော့ လုံးထွေးပြီး သံကွင်းမှာ ကျလာတာ။ ဒဏ်ရာရသူတွေက မစိုးရိမ်ရပါဘူး” လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူ တဦးက ပြောပါတယ်။
ကားအောက်မှာ ညှပ်နေတဲ့သူကို မီးသတ်၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) နဲ့ လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းထုတ်ခဲ့ရပါတယ်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာသူ ၂ ဦးတို့ကို လူမှုကူညီရေးအသင်းကားနဲ့ ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။