Home
သတင်းဓာတ်ပုံ
ရေစကြိုမြောက်ပိုင်း ပြောက်ကျားတပ်ဖွဲ့ အထူးကွန်မန်ဒိုသင်တန်းဆင်းပွဲ (ဓာတ်ပုံ)
DVB
·
April 7, 2022
NYZO 6
NYZO 1
NYZO 2
NYZO 3
NYZO 4
NYZO 5

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဧပြီ ၆ ရက်က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတဲ့ကြားက ရေစကြိုမြောက်ပိုင်းပြောက်ကျားတပ်ဖွဲ့ N-YSO အထူးကွန်မန်ဒိုသင်တန်းဆင်းပွဲ  ပြုလုပ်ခဲ့ပါတယ်။

အဲဒီသင်တန်းကို သင်တန်းသား ၄၀ ကျော်၊ သင်တန်းသူ ၂၀ ကျော် စုစုပေါင်း ၇၀ ယောက်တက်ရောက်ပြီး သင်တန်း ကာလ ၁ လ သင်ကြားပို့ချပေးခဲ့တာလို့ N-YSO ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ဆီမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အင်အားတွေ တနေ့တခြားတိုးလာပေမဲ့ လက်နက်အင်အား ပြည့်စုံမှုမရှိလို့ မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သရွေ့ ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်ပါတယ်။”

N-YSO သင်တန်းဆင်း ရဲဘော်တွေအနေနဲ့ ပြည်သူကမွေးတဲ့ ပြည်သူ့သွေးသားတွေ ဖြစ်တာကြောင့် ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ကာ စစ်အာဏာရှင် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်ဆိုပြီး ကတိသစ္စာပြုခဲ့ကြတယ်လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်ထဲမှာ ဧပြီ ၂ ရက်ကစလို့ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024