မကွေးတိုင်း၊ ဆောနဲ့ ကျောက်ထုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ The Youth Force (Saw&Kyaukhtu) က ဖွင့်လှစ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၁ သင်တန်းဆင်းပွဲကို ဧပြီ ၆ ရက် ဒီနေ့မနက် ကျင်းပါတယ်။
ဒီအခမ်းအနားကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ပြီး သင်တန်းဆင်းပွဲကို မဟာမိတ်အဖွဲ့တွေက တပ်ရင်းမှူးတွေလည်း တက်ရောက်ခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
မြန်မာပြည်တွင်းမှာ ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး NUG အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီးကာလ ဆဋ္ဌမ ၁ လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၉၅ ယောက် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၆၃၇ ယောက် ရှိခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။