Home
မြန်မာသတင်း
မုံရွာစီးပွားရေးတက္ကသိုလ် လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခံရ
DVB
·
March 27, 2022
277522976_3062901627358073_1090428666208024775_n

စစ်ကိုင်းတိုင်း၊ မုံရွာစီးပွားရေးတက္ကသိုလ် မတ်လ ၂၇ ရက်နေ့မနက်အစောပိုင်းက လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။

မုံရွာစီးပွားရေးတက္ကသိုလ်နဲ့နီးစပ်သူတဦးက "ဒီမနက် ၃ နာရီလောက်မှာ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်ကို လက်လုပ်စိန်ပြောင်းနဲ့ တိုက်ခိုက်ခံရတယ်။ တက္ကသိုလ်ဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်။ လူတွေ ထိခိုက်မှုမရှိဘူး။ လိုင်းခန်းသွပ်မိုးနဲ့ မျက်နှာကြက်ပျက်စီးခဲ့တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မပေါက်ကွဲသေးတဲ့ ဗုံးသီး ၁ လုံးလည်း တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်တွေ မနက် ၇ နာရီလောက်မှာ လာရောက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်ကို လက်လုပ်စိန်ပြောင်းနဲ့ ဘယ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024